† ဖိတ်ခေါ်အပ်ပါသည် ~

"သင်တို့သည် လောက၏ ဆား ဖြစ်ကြ၏။ ဆားမူကား အငန်ဓာတ် ကင်းပျောက်ခဲ့လျှင် ငန်သော အရသာကို မည်သို့ ပြန်လည်ရရှိနိုင်မည်နည်း၊ ယင်းသည် မည်သို့မျှ အသုံးမ၀င်တော့ဘဲ အပြင်သို့ ပစ်လိုက်၍ လူတို့ ခြေဖြင့် နင်းချေခံ ရရုံသာ ရှိပေမည်။

သင်တို့သည် လောက၏ အလင်းဖြစ်ကြ၏။ တောင်ပေါ်တွင် တည်ထားသော မြိ့ကို ၀ှက်ကွယ်ထား၍ မရနိုင်။ ဆီမီးကို ထွန်း၍ တောင်းဇလားအောက်၌ ထားလေ့မရှိကြ။ အိမ်သူ အိမ်သား အားလုံးအတွက် အလင်းရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိကြ၏။ ဤနည်းတူပင် လူတို့သည် သင်တို့၏ ကောင်းသော အကျင့်များကို မြင်ကြ၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သင်တို့၏ အလင်းကို လူတို့ ရှေ့မှာ ထွန်းလင်းစေကြလော့။"

ခရစ်တော်၌ ချစ်ခင်ရပါသော် ဘာသာတူ ဓမ္မမိတ်ဆွေများ ခင်ဗျား ~

ဤ "ဆားနှင့် အလင်း" ဘလောက်သည် မြန်မာကက်သလစ်အသင်းတော် ဘာသာတူများ အချင်းချင်း ဘာသာရေးဆိုင်ရာများကို အချင်းချင်း အလွယ်တကူ ဝေမျှနိုင်ရန် နှင့် မြန်မာကက်သလစ် ရွက်ပုံးသီး စာပေ၀ါသနာရှင် ဘလောက်ဂါများ ပေါ်ထွက်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး လွင့်တင်ထားခြင်းဖြစ်ပါသည်။

ယခုဘလောက် ရှင်သန်ရေးနှင့် လာရောက် ဖတ်ရှုသူများအတွက် အလင်းခွန်အား ရရှိစေရန် စာပေ၀ါသနာရှင်၊ ပညာရှင် ရဟန်း၊ သီလရှင်၊ လူကြီး၊ လူငယ်များထံမှ ဘာသာရေးနှင့် ပတ်သက်သော သတင်း၊ ကဗျာ၊ ဆောင်းပါး၊ ဗဟုသုတ၊ ဘာသာပြန်၊ ပညာပေး၊ ကိုယ်တွေ့ဖြစ်ရပ်များကို အလွန်လိုလားစွာ ဖိတ်ခေါ်တောင်းခံအပ်ပါတယ်။

မိမိတို့ ကိုယ်တိုင် ဘာသာရေး ပို့စ်များ တင်လိုသူများ အနေနှင့် MyanmarCatholicShare@gmail.com သို့ ဆက်သွယ်ခြင်းဖြင့် ပို့စ်တင်လိုသူ၏ email account မှ တဆင့် မိမိတို့ ကိုယ်တိုင် ပိုစ်များတင်နိုင်ရန် ခွင့်ပြုပေး သွားမည်ဖြစ်ပါသည်။

Friday, 31 August 2012

မေတ္တာဖြိုးဝေဂေဟာ

လွိုင်ကော်သာသနာ မေတ္တာဖြိုးဝေဂေဟာမှ စစ္စတယ်တစ်ပါးပေးစာ

Monday, 20 August 2012

စပျစ်နွယ် စာစောင် (၇၀)

 ကလေးသာသနာ စိန်မေရီကယ်သီဒြယ် စီရင်စု လူငယ်များမှ ထုတ်ဝေသော စပျစ်နွယ် စာစောင် (၇၀) ကို ဖြန့်ဝေပေးလိုက်ပါတယ်။
 စပျစ်နွယ် စာစောင် (၇၀)

Saturday, 4 August 2012

† ဖိတ်ခေါ်အပ်ပါသည် ~

သင်တို့သည် လောက၏ ဆား ဖြစ်ကြ၏။ ဆားမူကား အငန်ဓာတ် ကင်းပျောက်ခဲ့လျှင် ငန်သော အရသာကို မည်သို့ ပြန်လည်ရရှိနိုင်မည်နည်း၊ ယင်းသည် မည်သို့မျှ အသုံးမ၀င်တော့ဘဲ အပြင်သို့ ပစ်လိုက်၍ လူတို့ ခြေဖြင့် နင်းချေခံ ရရုံသာ ရှိပေမည်။
သင်တို့သည် လောက၏ အလင်းဖြစ်ကြ၏။ တောင်ပေါ်တွင် တည်ထားသော မြိ့ကို ၀ှက်ကွယ်ထား၍ မရနိုင်။
ဆီမီးကို ထွန်း၍ တောင်းဇလားအောက်၌ ထားလေ့မရှိကြ။ အိမ်သူ အိမ်သား အားလုံးအတွက် အလင်းရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိကြ၏။ ဤနည်းတူပင် လူတို့သည် သင်တို့၏ ကောင်းသော အကျင့်များကို မြင်ကြ၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သင်တို့၏ အလင်းကို လူတို့ ရှေ့မှာ ထွန်းလင်းစေကြလော့။