† ဖိတ်ခေါ်အပ်ပါသည် ~

"သင်တို့သည် လောက၏ ဆား ဖြစ်ကြ၏။ ဆားမူကား အငန်ဓာတ် ကင်းပျောက်ခဲ့လျှင် ငန်သော အရသာကို မည်သို့ ပြန်လည်ရရှိနိုင်မည်နည်း၊ ယင်းသည် မည်သို့မျှ အသုံးမ၀င်တော့ဘဲ အပြင်သို့ ပစ်လိုက်၍ လူတို့ ခြေဖြင့် နင်းချေခံ ရရုံသာ ရှိပေမည်။

သင်တို့သည် လောက၏ အလင်းဖြစ်ကြ၏။ တောင်ပေါ်တွင် တည်ထားသော မြိ့ကို ၀ှက်ကွယ်ထား၍ မရနိုင်။ ဆီမီးကို ထွန်း၍ တောင်းဇလားအောက်၌ ထားလေ့မရှိကြ။ အိမ်သူ အိမ်သား အားလုံးအတွက် အလင်းရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိကြ၏။ ဤနည်းတူပင် လူတို့သည် သင်တို့၏ ကောင်းသော အကျင့်များကို မြင်ကြ၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သင်တို့၏ အလင်းကို လူတို့ ရှေ့မှာ ထွန်းလင်းစေကြလော့။"

ခရစ်တော်၌ ချစ်ခင်ရပါသော် ဘာသာတူ ဓမ္မမိတ်ဆွေများ ခင်ဗျား ~

ဤ "ဆားနှင့် အလင်း" ဘလောက်သည် မြန်မာကက်သလစ်အသင်းတော် ဘာသာတူများ အချင်းချင်း ဘာသာရေးဆိုင်ရာများကို အချင်းချင်း အလွယ်တကူ ဝေမျှနိုင်ရန် နှင့် မြန်မာကက်သလစ် ရွက်ပုံးသီး စာပေ၀ါသနာရှင် ဘလောက်ဂါများ ပေါ်ထွက်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး လွင့်တင်ထားခြင်းဖြစ်ပါသည်။

ယခုဘလောက် ရှင်သန်ရေးနှင့် လာရောက် ဖတ်ရှုသူများအတွက် အလင်းခွန်အား ရရှိစေရန် စာပေ၀ါသနာရှင်၊ ပညာရှင် ရဟန်း၊ သီလရှင်၊ လူကြီး၊ လူငယ်များထံမှ ဘာသာရေးနှင့် ပတ်သက်သော သတင်း၊ ကဗျာ၊ ဆောင်းပါး၊ ဗဟုသုတ၊ ဘာသာပြန်၊ ပညာပေး၊ ကိုယ်တွေ့ဖြစ်ရပ်များကို အလွန်လိုလားစွာ ဖိတ်ခေါ်တောင်းခံအပ်ပါတယ်။

မိမိတို့ ကိုယ်တိုင် ဘာသာရေး ပို့စ်များ တင်လိုသူများ အနေနှင့် MyanmarCatholicShare@gmail.com သို့ ဆက်သွယ်ခြင်းဖြင့် ပို့စ်တင်လိုသူ၏ email account မှ တဆင့် မိမိတို့ ကိုယ်တိုင် ပိုစ်များတင်နိုင်ရန် ခွင့်ပြုပေး သွားမည်ဖြစ်ပါသည်။


Wednesday, 5 September 2012

နိုင်ငံတော်သစ်တည်ဆောက်ရေးတွင်ခရစ်ယာန်သာသနာတော်များ၏အခန်းကဏ္ဍ

နိုင်ငံတော်သစ်တည်ဆောက်ရေးတွင်ခရစ်ယာန်သာသနာတော်များ၏အခန်းကဏ္ဍ 
(The Role of the Church in Building the New Nation)

 ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသား အားလုံးဟာ မိမိတို့နေထိုင် ရာနိုင်ငံ တော်ကြီးအေးချမ်း သာယာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာ ကဏ္ဍအသီးသီးက ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုတယ် ဆိုတာ ကျွန်ုပ်တို့အားလုံး အသိပဲဖြစ် ပါတယ်။ နိုင်ငံတော်ရဲ့အရေးဟာနေထိုင်တဲ့နိုင်ငံသူနိုင်ငံသား အားလုံးတို့ရဲ့ အရေးဖြစ်နေ တာကြောင့် ဒီနိုင်ငံတော် ရဲ့အရေးမှာ ကျွန်ုပ်တို့တတွေဟာ တစ်ဦးချင်း အလိုက်ပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့ အလိုက်ပဲဖြစ်ဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အခုတင်ပြ မယ့် ဒီစာတမ်းမှာ နိုင်ငံတော်သစ် တည်ဆောက်ရေး မှာ ခရစ်ယာန်သာသနာတော်များ တွေဟာ ဘယ်လို အခန်းကဏ္ဍတွေကနေ ပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပါသလဲဆိုတဲ့ အချက်တွေကို လက်လှမ်းမှီရာအနည်းငယ်သုံးသပ် တင်ပြထားခြင်း ပဲဖြစ်ပါတယ်။

 မြန်မာနိုင်ငံသို့ ခရစ်ယာန် သာသနာတော်ရောက် ရှိလာခြင်း

 မြန်မာနိုင်ငံကို ခရစ်ယာန်တွေ ဘယ်တုန်းက စတင်ရောက်ရှိလာပါသလဲလို့မေးရင် ဥရောပတိုက်ပြန်လည် ဆန်းသစ်လာပြီး ကမ္ဘာသစ်ကို ခရီးဆန့် ရှာဖွေကြတဲ့ ခရစ်စတိုဖာကိုလန်းဘတ်တို့ခေတ်၊ ဘတ်စ်ကို ဒဂါးမားတို့ခေတ် ဖြစ် တဲ့ ၁၅ ရာစု၊ ၁၆ ရာစုအချိန်ကာလတွေကို ပြန်လည် ရည်ညွှန်းရမှာဖြစ်ပါတယ်။

 တကယ်တော့ ခရစ်ယာန် တွေဟာ အဖွဲ့အစည်း၊ အသင်းအဖွဲ့ တစ်ခုအနေနဲ့ စတင်ဖြစ်တည်လာ တဲ့နေရာဟာ ဂျေရုဇလင်ပါပဲ။ တမန်တော်ဝတ္ထု မှာဖော်ပြထား သလိုပဲ ဂျေရုဇလင်မှ တည်ခဲ့တဲ့ရှေးဦးခရစ်ယာန် ( ခရစ် တော်နောက်လိုက်) တွေဟာငြင်းပန်းနှိပ်စက်ခြင်း ကို ခံရတဲ့ အချိန်အခါမှာ အနောက်ဖက် အာရှမိုင်းနား (ယခု တူရကီနိုင်ငံ)ကိုပြန့်နှံ့သွားသလို၊ ရောမား အခြေပြု နိုင်ငံများကိုလည်းပြန့်နှံ့ ခဲ့ကြတယ်။ ရှေးဦး ခရစ်ယာန် များတွေဟာ ဂျေရုဇလင် ကနေ အရှေ့ပိုင်းနိုင်ငံများတွေ ကိုလည်း ရှေးဦးရာစုမှာ ကတည်းက ပြန့်နှံ့ ခဲ့ကြပါတယ်။ ဒါကြောင့် အသင်းတော် ဖခင်ကြီးများ (Fathers of the Church) လို့ ခေါ်တဲ့ အခါမှာ အနောက်ပိုင်းနိုင်ငံ ဖခင်များ (Western Fathers) နဲ့ အရှေ့ပိုင်းနိုင်ငံ ဖခင်များ (Eastern Fathers) ဆိုပြီး ခွဲခြား ခေါ်ဝေါ်ခဲ့ကြတယ်။ အရှေ့ပိုင်းနိုင်ငံများတွေမှ အထူးသဖြင့် ဆီးရီယားဟာ ထင်ရှားပါတယ်။ အန္ဒိယ နိုင်ငံကိုလည်း ခရစ်ယာန် များတွေဟာ တမန်တော်ခေတ်ကတည်းက ရောက်ရှိနေကြပြီလို့လည်း ဆိုကြပါ တယ်။ အခုအခါ အန္ဒိယနိုင်ငံမှာ တွေ့ရတဲ့ ဆီရိုမာလာကာ၊ ဆီရို မာလာဘာ စတဲ့ ဆီးရီးယား ၀ိနည်းကို လိုက်ကြတဲ့ ခရစ်ယာန် များတွေဟာ တမန်တော် တောမား ခေတ် (အေဒီ ၅၀) ကတည်းက အန္ဒိယနိုင်ငံ မှာရှိ နေပြီလို့ဆိုကြပါတယ်။ အရှေ့ပိုင်းနိုင်ငံတွေ ကိုရောက်လာကြတဲ့ ခရစ်ယာန်များတွေဟာ ကုန်းလမ်း အတိုင်း၊ နာမည်ကြီးတဲ ပိုးထည်လမ်း (Silk Road) အတိုင်း တရုတ်နဲ့ မွန်ဂိုလီယား နိုင်ငံတွေ ကိုရောက် ခဲ့ကြတယ် လို့ဆိုတယ်။ တစ်ချိန်မှာ မွန်ဂိုလီယားနိုင်ငံဟာ တစ်နိုင်ငံလုံး ခရစ်ယာန်ဖြစ်တော့ မလိုတောင်ရှိခဲ့ တယ်လို့ သမိုင်းအဆိုရှိခဲ့ပါတယ်။ 

ပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့ ပုဂံခေတ် ၁၃ ရာစုမှာ ပျက်သုန်းရခြင်းမှာ မွန်ဂိုတာတား တွေဝင် ရောက် တိုက်ခိုက်တာကြောင့် ဖြစ်တယ်လို ပုဂံရာဇ၀င်က ဆိုထားတယ်။ ပုဂံမှာကျန်ခဲ့တဲ့ အုတ်ဂူတစ်ချို့ရဲ့ နံရံ တွေမှာ လက်ဝါးကပ်တိုင် အမှတ်အသားတွေရေးခြစ်ထားရစ် ခဲ့ကြတယ်လို့ဆိုတယ်။ အဲဒီအထောက် အထား တွေကိုကြည့်ခြင်း အားဖြင့် မွန်ဂိုတာတားတွေရဲ့စစ်သည် တော်တွေထဲ မှာခရစ်ယာန်တစ်ချို့ ပါဝင်ခဲ့ကြ တယ်လို့ ဆိုနိုင်တယ်။ ဒါတွေဟာ အခုပြောချင်တဲ့ ကမ္ဘာသစ်ရှာဖွေမှုမတိုင်ခင်ဖော်ပြနိုင်တဲ့ မြန်မာနိုင်ငံ သို့ခရစ်ယာန်တွေရောက်ရှိလာခြင်းရဲ့ အထောက်အထားလေး တစ်ခုပဲလို့ဆိုချင်ပါတယ်။

 အထက် မှာဖော်ပြခဲ့သလို ကမ္ဘာသစ်ကို ရှာဖွေဖို့အတွက်ရောက်လာကြတဲ့ ပေါ်တူဂီ၊ စပိန်လူမျိုး များတွေမှာ ကုန်သည်တွေ ပါသလို၊ စစ်သည်တော်တွေလည်းပါတယ်၊ သာသနာပြုတွေလည်း အတူပါ လာကြတယ်။ ဒုတိယ မြန်မာနိုင်ငံတော်လို့ခေါ်တဲ့ တပင်ရွှေထီး၊ ဘုရင့်နောင်ခေတ်မှာ ဥရောပ တိုက်သား တွေတော်တော် များများဟာ အောက်မြန်မာ နိုင်ငံဖြစ်တဲ့ ပဲခူး၊ ဟံသာဝတီနဲ့ အထက်မြန်မာနိုင်ငံဖြစ်တဲ့ အင်းဝနေပြည်တော် တွေမှာဝင်ရောက်ခစားနေကြပါပြီ။ အထင်ရှားဆုံး အထောက်အထားကတော့ သံလျင်မြို့ကျဆုံးပြီး ဖိလစ်ဒီဘရစ်တိုရဲ့ နောက်လိုက် များ တွေကို အထက်မြန်မာနိုင်ငံ ရွှေဘိုနယ်တ၀ိုက် ခေါ်ဆောင်သွားခြင်း ပဲဖြစ်တယ်။ ယခုအချိန်အထိ တွေ့မြင်ရတဲ့ မုံလှ၊ ချောင်းရိုး၊ ချမ်းသာရွာ စတဲ့ ကက်သလစ် ခရစ်ယာန် ရွာဟောင်းကြီးတွေဟာ ဖိလစ်ဒီ ဘရစ်တို တို့ရဲ့ မြေးမြစ်တွေပဲဖြစ်ပါတယ်။ 

 သံလျင်ကျဆုံးပြီး နှစ်တစ်ရာကျော်လောက်မှ (၁၇၂၂) ဖါသာရ် ကာချီခေါ်တဲ့ ဘာနာဘိုက်ဂိုဏ်းဝင်၊ အီတာ လီယန်လူမျိုး၊ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ဟာ ဖော်ပြပါနယ်မြေမှာရှိတဲ့ ကက်သလစ် ခရစ်ယာန် တွေ ကိုစုစည်းပြီး သာသနာ လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းတွေ့ရပြန်တယ်။ မြန်မာနိုင်ငံရှိ ကက်သလစ် ခရစ်ယာန် သာသနာပြုလုပ်ငန်းကို စနစ်တကျအခြေ ချဆောင်ရွက် သူတွေထဲမှာဖါသာရ်ကားချီရဲ့ ဆောင်ရွက် ချက်ကအထိရောက်အအောင်မြင်ဆုံး လို့ဆိုရပါမယ်။ ဘာနာဘိုက်ဂိုဏ်းဝင် အီတာ လီယန် သာသနာပြုများ တွေဟာ အဲဒီအချိန်အခါမှာ အုပ်ချုပ်တဲ့မင်းပြုတဲ့ ဘုရင်တွေနဲ့ ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု တည်ဆောက် နိုင်ခဲ့ကြပြီး ခရစ်ယာန်သာသနာလုပ်ငန်းများတွေကို ဆောင်ရွက်ခဲ့ကြတယ်။ ဒီလိုနဲ့ ၁၇၂၂ မှ ၁၈၃၀ တိုင် ဘာနာဘိုက် သာသနာပြုများ၊ ၁၈၃၀ မှ ၁၈၄၀ ရိုးမားသာသနာပြုဘုန်းတော်ကြီများ၊ ၁၈၄၀ မှ ၁၈၅၅ အထိ အော်ဘလိတ်သာသနာပြု အဖွဲ့တွေ နဲ့ ၁၈၅၆ မှ ယခုအချိန်အထိ ပြင်သစ် သာသနာပြုဂိုဏ်း၊ အီတာလီ ယန်သာသနာပြုဂိုဏ်း၊ အိုင်ယာလန် သာသနာပြု ဂိုဏ်း တွေရဲ့ဦးဆောင်မှု အောက်မှာ ဘရာသာရ်၊ သီလရှင် တွေနဲ့အတူ မြန်မာနိုင်ငံမှာ ကက်သလစ် ခရစ်ယာန် သာသနာပြု လုပ်ငန်းစတင်ခဲ့ကြတယ်။ ညီအစ် ကိုနှစ်ချင်းအသင်းတော် ဘက်ကနေ ကြည့်မယ်ဆိုရင် ၁၈၁၃ ခုနှစ်က တည်းက ရောက်လာတဲ့ ဆရာယုဒသံ ရဲ့ ထက်မြက်တဲ့ သာသနာပြု လုပ်ငန်းများကို တွေ့နိုင်ပါတယ်။ 

 နိုင်ငံခြားသာသနာပြုများခေတ်နဲ့နိုင်ငံတော်တည်ဆောက်ရေး 

နယ်ချဲ့ ကိုလိုနီအစိုးရများနဲ့ အတူခရစ်ယာန်သာသနာပြုများတွေဟာမြန်မာနိုင်ငံထဲကိုရောက်ရှိလာခဲ့ကြ တယ်လို့ ပဲပြောရင်ရနိုင်ပါတယ်။ ဘာနာဘိုက်သာသနာပြုဂိုဏ်းဝင်များတွေဝင်ရောက်လာတဲ့ ၁၇၂၂ လိုအချိန် အခါတုန်း ကတော့ နယ်ချဲကိုလိုနီကျူးကျော်စနစ်ရယ်လို့ထင်ထင်ရှားရှားမသတ်မှတ်နိုင်ခဲ့ပေမယ့် အင်္ဂလိပ် မြန်မာ ပထမစစ် (၁၈၂၄-၂၆) လိုအချိန်မျိုး၊ အင်္ဂလိပ်မြန်မာ ဒုတိယစစ် (၁၈၅၂) လိုအချိန်မျိုး၊ နဲ့ အင်္ဂလိပ် မြန်မာတတိယစစ်နဲ့သီပေါမင်းပါတော်မူတဲ့ (၁၈၈၅) လိုအချိန်မျိုးနဲ့ အင်္ဂလိပ် ကိုလိုနီအစိုးရ အုပ်ချုပ်မင်းလုပ် တဲ့ နှစ် ကာလများတွေမှာ ရောက်ရှိတာဝန်ထမ်းဆောင်တဲ့ ခရစ်ယာန် သာသနာပြုများ တွေဟာ ကိုလိုနီအငွေ့ အသက် မကင်းခဲ့ကြဘူးဆိုတာကို ၀န်ခံကြရမှာပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရစ်ယာန်သာသနာပြုများ တွေဟာ အုပ်ချုပ်မင်းလုပ်တဲ့ ကိုလိုနီအစိုးရဲ့အတူ တိုင်းပြုပြည်ပြု လုပ်ငန်းများ တွေကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ကြ ပါတယ်။ ဘာသာရေး လုပ်ငန်းများတွေ သာမက လူမှုကူညီရေး လုပ်ငန်းများတွေမှာ ခရစ်ယာန်သာသနာတော်များတွေ ဟာအရှိန်အ၀ါ အင်မတန် ကြီးမားခဲ့ကြောင်း သမိုင်းကသက်သေထူထားပါတယ်။ ပညာရေးကဏ္ဍ မှာ သာသနာပြုများ မှ သင်ကြားပို့ချတဲ့ ကျောင်း တွေ ဟာ နိုင်ငံဂုဏ်သာမက အရှေ့တော်အာရှရဲ့ ထူးခြားတဲ့ ဂုဏ်ကိုဆောင်ခဲ့ကြတယ်။ အဲဒီခေတ် အချိန်အခါက မွေးထုတ်လိုက်တဲ့ မျိုးဆက်များတွေဟာ တကယ်ပဲ နိုင်ငံတကာ အဆင့်မှီနိုင်ငံသား ကောင်း တွေဖြစ်ခဲ့ကြပါတယ်။ ကျန်းမာရေးဏ္ဍတွေမှာ လည်းသာသနာပြုများက ဦးစီဖွင့်လှစ် တဲ့ ဆေးရုံ၊ ဆေးခန်း များတွေဟာလည်း အထူးထင်ရှားခဲ့ပါတယ်။ အခြားလူမှုရေး လုပ်ငန်း များတွေဖြစ်တဲ့ မိဘမဲ့ဂေဟာတွေ၊ အနာကြီးရောဂါ သည်များကို ပြုစုစောင့်ရှောက်ခြင်းတွေ၊ မသန်မစွမ်း သူတွေကို ကူညီ စောင့်ရှောက်ခြင်း လုပ်ငန်းတွေဟာ ထင်ရှားခဲ့တဲ့ တိုင်းပြုပြည်ပြုလုပ်ငန်းတွေ ပဲဖြစ်ပါတယ်။ ဒါ့အပြင် အသင်းတော် အလိုက်ဖွဲ့ စည်းတဲ့မိခင်၊ ဖခင်၊ လူငယ်၊ ကလေး အဖွဲ့အစည်းအသီးသီး၊ ကျွမ်းကျင်မှု လုပ်ငန်း အလိုက်ဖွဲ့စည်းထားတဲ့ ခရစ်ယာန်ကျောင်းဆရာ၊ ဆရာမများအသင်း၊ လူမှုကူညီရေးအသင်း၊ ဆေး ၀န်ထမ်းများအသင်း စတာ တွေဟာလည်း သာသနာပြုများအချိန်ကတည်းက ချမှတ်လုပ်ဆောင်ခဲ့ကြတဲ့ တိုင်းပြုပြည်ပြု လုပ်ငန်း တွေပဲမဟုတ်ပါလား။

 နိုင်ငံခြားသာသနာပြုများထွက်ခွာပြီးနောက် 

 ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းနိုင်ငံတော် အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီအစိုးရတက်လာတဲ့အခါ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေတော်တော်များများကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ သာသနာကျောင်း၊ အဆောက် အဦတွေပါသွားတယ်။ သာသနာပြုတွေ အနှင်ထုတ်ခံ ရတယ်။ မြန်မာနိုင်ငံကက်သလစ် အသင်းတော် ဟာ ရိုက်ချိုးခြင်းခံလိုက်ရတယ်။ အခြားညီအစ်ကိုအသင်း တော်တွေ လည်း ထို့အတူပါပဲ။ အသင်းတော်တွေက အရှိန်အဟုန်နဲ့လုပ်ဆောင်လာခဲ့တဲ့ ဘာသာရေး၊ လူမှုရေးလုပ်ငန်း တွေဟာလည်း ခါးပြတ်သွား ခဲ့တယ်။ လူ့အတွေးနဲ့တွေးရမယ်ဆိုရင် အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံတော်ကြီးမှာ ခရစ်ယာန်သာသနာတော်ရဲ့ အခန်းကဏ္ဍဟာ သွေ့ခြောက်ဆိတ်သုန်း သွားဖို့ပဲရှိ တော့တယ်။ ဒါပေမယ့် ဘုရား သခင်ရဲ့ စီမံကိန်း တော်ဟာ ထူးဆန်း အံ့သြဘွယ်ကောင်းလှပါတယ်။ ပြင်ပနိုင်ငံတွေနဲ့အဆက်အသွယ် အကုန်ပြတ်သွားပြီး မြန်မာ နိုင်ငံခရစ်ယာန်သာသနာတော်ဟာ မိမိဘာသာသီးခြား ရပ်တည်မှုတစ်ခုနဲ့ရုန်းကန် ကြိုးစား ခဲ့ရပါ တယ်။ ကက်သလစ် အသင်းတော်အတွက် ကြီးမား တဲ့အပြောင်းအလဲဖြစ်တဲ့ ဒုတိယဗာတီကန် (၁၉၆၂-၁၉၆၅) ရဲ့ လမ်းညွှန်ချက်တွေနဲ့ အဲဒီနှစ်ကာလအတွင်းဝေးကွာခဲ့ကြတယ်။ အင်အားချိနဲ့ရုံတင်မကပဲ ရှင်သန်အသက်ရှင်ဖို့ တောင်မတွေး ၀ံ့တော့တဲ့ အခြေအနေအထိဖြစ်ခဲ့ကြပါတယ်။ ကိုလိုနီဆန့်ကျင်ရေး လှိုင်းလုံးတွေ ဟာလည်း နိုင်ငံရေး နယ်ပယ် သာမက ဘာသာရေးနယ်ပယ်တွေကိုပါ ရိုက်ခတ်ခဲ့ပြန်တယ်။ ကန့်သတ်ချုပ်ချယ်မှုတွေအမျိုးမျိုးကြားမှာ ခရစ်ယာန် သာသနာတော် များတွေဟာ အသက်ရှင် ရပ်တည် နိုင်ဖို့ အတွက်ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားခဲ့ရပါတယ်။ သက်သေတော်တို့ရဲ့ သွေးတွေဟာ ခရစ်ယာန် မွေးဖွားလာဖို့ မျိုးစေ့တွေလို့ရှေးဦးခရစ်ယာန်တွေ ဆိုခဲ့ကြသလို ဖိနှိပ်ချုပ်ချယ်မှုကြားမှာ အသင်း တော်ဟာ ချွေး၊ သွေးတွေနဲ့ကျော်ဖြတ်ခဲ့ကြရပါတယ်။ ဒါတွေဟာလည်း အသင်းတော်ရှင်သန်ဖွံ့ဖြိုးလာဖို့ အတွက် အား သစ်လောင်းသလိုဖြစ်လာခဲ့ ပါတယ်။ နိုင်ငံခြားသာသနာပြုတွေထွက်ခွာသွားပြီး နှစ် (၆၀) ကျော်မှာ မြန်မာနိုင်ငံကက်သလစ် အသင်းတော်ဟာ ဘာသာသူဦးရေး (၇) သိန်းကျော်နဲ့ ဆရာတော်ပိုင်ဂိုဏ်း ချုပ်၊ဂိုဏ်းအုပ်သာသနာပေါင်း (၁၆) ခုရှိလာတယ်။ ကက်သလစ်ဆရာတော်(ဘိရှော့) ပေါင်း (၂၀)ခန့်ရှိ လာတယ်၊ ကက်သလစ်ဘုန်းတော်ကြီး ပေါင်း (၈၀၀) ကျော်လောက်ဟာ သာသနာအသီးသီးမှာ တာဝန် ထမ်းဆောင်နေတယ်။ သီလရှင်၊ ဓမဆရာ၊ ဆရာမ တွေ လည်း နိုင်ငံတော်ရဲ့ ဒေသအသီးသီးမှာ အမှုတော် ထမ်းဆောင် နေကြတယ်။

 နိုင်ငံတော်သစ်တည်ဆောက်ရေးမှာပါဝင်နိုင်မယ့်အခန်းကဏ္ဍများ

 ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြတဲ့ ကျွန်ုပ်တို့တတွေဟာနိုင်ငံတော်ရဲ့အရေး တွေဟာကျွန်ုပ် အားလုံးရဲ့ အရေးတွေပဲဆိုတဲ့ (all inclusive) အားလုံးအတူပူးပေါင်းပါ ၀င်ခြင်း ခေါ်တဲ့ ခေတ်သစ် ဖော်မြူလာတစ်က ကျွန်ုပ်တို့ကို မိမိ (comfort zone) သက်တောင့်သက်တာ၊ ဖာသိဖာသာနေတတ်တဲ့ အမူအကျင့်ကနေဆွဲထုတ်ခေါ်နေပါပြီ။ ဒါ့ကြောင့်နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ခရစ်ယာန် သာသနာ တော်များတွေဟာ ဘယ်လိုအခန်းကဏ္ဍသစ်တွေကနေပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့လိုအပ်နေသလဲ ဆိုတာတွေကို ကျွန်ုပ်တို့အစဉ်တစိုက် ဖော်ထုတ်ဆောင်ရွက်သွားရမယ့်အချိန်ရောက်နေပါပြီ။ ဒီလိုပြော တော့ နိုင်ငံတော်နဲ့ အသင်းတော်(သာသနာတော်) (State and Church) အလယ်ရာစုဥရောပလို လုံး ထွေးရမယ့် အရာမျိုး ကိုဆိုလိုခြင်းမဟုတ်ပါ။ ဒီအကြောင်းနဲ့ပါတ်သက်လို့ ကက်သလစ်အသင်းတော်ရဲ့ လူမှုရေးသွန်သင်ချက် (Catholic Social Teaching)မှ နိုင်ငံတော်ရဲ့အခန်းကဏ္ဍနဲ့ အသင်းတော်ရဲ့ အခန်း ကဏ္ဍတွေကို အတိအလင်း ခွဲခြားဖော်ပြထားတာကိုတွေ့မြင်နိုင်ပါတယ်။ ကက်သလစ် အသင်းတော်ဟာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ တရား စီရင်ရေးနဲ့ အုပ်ချုပ်ရေးအာဏာမှာ ၀င်ရောက် စွက်ဖက်ဖို့ရန်မဟုတ်ပါ။ တာဝန်ပေးအပ် ခံရတဲ့အုပ်ချုပ်သူတွေဟာ နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကို တရားမျှတခြင်းနဲ့ ဆောင်ရွက် အကောင်အထည်ဖော်ရန်ရန်ပံ့ပိုး ၀န်းရံခြင်းသာလုပ်ဆောင် မည်သာဖြစ်ပါ တယ်။ နိုင်ငံသူနိုင်ငံ သားအားလုံးလည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးမှာ တာဝန်သိသိ၊ သစာရှိရှိပူးပေါင်းပါဝင် ဆောင်ရွက်ကြ ဖို့ လှုံ့ဆော်တိုက်တွန်း ဖို့အတွက် ဖြစ်ပါတယ်။ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ခရစ်ယာန် သာသနာ တော် ဘက်ကတည်ရှိနေတဲ့ ရပ်တည်ချက်နဲ့ မူဝါဒတွေကိုသိထားပြီးဆိုရင် နိုင်ငံတော်နဲ့ သာသနာ တော်ဟာပဋိပကဖြစ်စရာ အကြောင်းမဟုတ်ပဲ မိမိတို့ရဲ့တည်ရှိရာ အခန်းကဏ္ဍ အလျှောက်ပူးပေါင်း ဆောင်ရွက် ကြ ဖို့ပဲဖြစ် ပါတယ်။ ရှေးဦး ခရစ်ယာန်များနဲ့ ခရစ်ယာန်သာသနာပြုများ တည်ရှိစဉ်အချိန်ကတည်းကလုပ်ဆောင်လာခဲ့တဲ့ ဘာသာ ရေး၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွေ ဟာခေတ်ကာလ အရပြောင်းလဲသွားပေမယ့်လုပ်ဆောင်စရာ လုပ်ငန်း ကဏ္ဍ တွေကသိပ်ကွာခြားမှု မရှိပါဘူး။

 ပညာရေး

 နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ နိုင်ငံ့မျိုးဆက်သစ်တွေရဲ့ပညာအရည်အသွေးပေါ်မှာ မူတည်ပါတယ်။ သာ သနာပြုများတွေဟာ ပညာရေးကိုအခြေပြု ပြီးတာဝန်ကျရာလူ့ဘောင်လူ့အဖွဲ့အစည်းတွေရဲ့ ဘ၀ မြှင့်တင်ရေး ကိုလုပ်ဆောင်ခဲ့ကြတယ်။ ဘာနာဘိုက်ခေတ်၊ အော်ဘလိတ်ခေတ် မှာ လုပ်ဆောင် ခဲ့တဲ့ မြန်မာ စာပေဖွံ့ဖြိုးမှု လုပ်ငန်းတွေ၊ ဘာသာပြန်၊ အဘိဓါန်ထုတ်ဝေ မှုတွေ၊ ပြင်သစ်သာသနာပြုခေတ်( ဘိရှော့ ဘီဂန်းဒက်) မှာ ဖွင့်ခဲ့ တဲ့ စာသင်ကျောင်းကြီးတွေ၊ ညီအစ်ကိုနှစ်ချင်းအသင်းတော်မှ ဖွင့်ခဲ့တဲ့ ဂျက်ဆင် ကောလိပ် (နောင် ရန်ကုန်ဝိဇာ၊ သိပံတကသိုလ်) ကျမ်းစာကျောင်း၊ စာသင်ကျောင်းကြီးတွေ လိုမျိုး ပုံစံထပ်တူ မလုပ် ဆောင်နိုင်တော့ပေ မယ့် ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ဆောင်ရွက်နိုင်မယ့် နည်းလမ်း များကို လေ့လာ ဖော်ထုတ် ဆောင်ရွက်ကြရ မှာပဲဖြစ်ပါတယ်။ ယခုလိုနည်းပညာခေတ်မှာ ပညာဟာ အစွမ်းထက်မြက်တဲ့မောင်နှင်အားကြီးတစ်ခုဖြစ်နေပါပြီ။ ဒီပလိုမာ၊ ဘွဲ့ ရရှိယုံသာမက တကယ်ပညာတတ်မြောက်ဖို့ဆိုတာ အရေးကြီးလာပါပြီ။ ဒီပလိုမာ၊ ဘွဲ့ လက်မှတ်တွေ ဟာ စာရွက်ပေါ် မှာတင် မရှိတော့ပဲ လက်တွေ့ဘ၀မှာ အသုံးချနိုင်ဖို့လိုအပ်နေပါပြီ။ ကျောင်းသင်ပညာရေး အတွက် ကြိုးစားနေကြချိန်မှာ ကျောင်းပြင်ပပညာရေးနဲ့ စဉ်ဆက်မပြတ်လေ့လာ သင်ယူ၊သင်ကြားခြင်း တွေဟာ ပညာရေး လုပ်ငန်းတွေမှာ အဓိကထား ဆောင်ရွက်ရမယ့်အချက်တွေဖြစ်နေပါပြီ။ ကျွန်ုပ်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ စာသင်ကျောင်းတွေဟာ ကျေးလက်တောရွာအနှံ့ ဖွင့်လှစ်နိုင် ကြပါပြီ။ ကျောင်းဆရာ၊ ဆရာမတွေလည်းတောနယ်ဒေသအနှံ့ ခြေဆန့်ကြပါပြီ။ ပညာရေး အခွင့်အလမ်းတွေ ပွင့်လာကြပါပြီ။ ဒါပေမယ့်လိုအပ်နေ သေးတာက အရည်အသွေးရှိတဲ့ ပညာရေး (Quality Education) ကို ကျွန်ုပ်တို့ဘယ်လောက်အထိဆောင်ရွက်ကြပြီလဲ။ မူလတန်းသာအောင်တယ်၊ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား၊ မတတ်သေးဘူးဆိုရင် အရည်အသွေးရှိတဲ့ပညာရေးကို ဖော်ဆောင်ဖို့ လိုအပ်နေ အုံးမှာပဲဖြစ်တယ်။ ကျောင်းဆရာ၊ ဆရာမများရဲ့ အရည်အတွက်လုံလောက်မှုနဲ့ အရည်အသွေးရှိတဲ့ ပညာရေးကို မျိုးဆက်သစ်များအား သင်ကြားပေးနိုင်မှု တွေဟာအရေးကြီးနေပါတယ်။ ကလေးတွေ ကျောင်းနေပျော်ပြီး၊ ကျောင်းထွက်နှုန်းနည်းနိုင်သမျှနည်း အောင် လျှော့ချရေးဟာလည်း လုပ်ဆောင်ရမယ့် အလုပ်တစ်ခုလိုဖြစ်နေတယ်။ ပညာရေးအရေးကြီးမှုကို မိဘများ ကိုယ်တိုင် သိမြင်ဖို့နဲ့မိမိကလေးတွေကို ကျောင်းနေအရွယ်မှာ စာသင်ခန်းကိုပို့ဖို့ဆိုတာကလည်း စဉ်ဆက် မပြတ် နှိုးဆော်အသိပေးရမယ့် အချက်ဖြစ်နေပါပြီ။ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပြီး ခရစ်ယာန် သာသနာတော်များတွေဟာ ပညာရေးမြှင့်တင်မှု လုပ်ငန်းမျာတွေ ကို မူကြိုမှစပြီး အထက် တန်းပညာ အထိဆောင်ရွက်အကောင်အထည်ဖော်နေကြတာကို အားရစွာတွေရ ပါတယ်။ ပြည်တွင်း ပညာရေး သာမက၊ ပြည်ပပညာရေးတွေကိုလည်း အခွင့်အလမ်း ရှာဖွေပေးဝေနေ ပါတယ်။ ဒါတွေအားလုံး ဟာ နိုင်ငံ တော်သစ်တည်ဆောက်ရေးမှာ ခရစ်ယာန်သာသနာတော်များ အနေနဲ့ ပူးပေါင်း ပါဝင် ဆောင်ရွက် နေတဲ့… ရမယ့် ကဏ္ဍကြီး တစ်ခု လိုမြင်ပါတယ်။

 ကျန်းမာရေး

သာသနာပြုခေတ်မှာ ဖွင့်လှစ်ခဲ့တဲ့ဆေးရုံဆေးခန်းတွေဟာ အဲဒီခေတ်အချိန်အခါရဲ့ လိုအပ်ချက်ကို ကောင်း ကောင်း ဖြည့်စွက်နိုင်ခဲ့ပါတယ်။ ခေတ်ကာလရွေ့လျားလာတာ နဲ့အမျှ ရောဂါဆန်းတွေကလည်း လက်ရှိ ကမ္ဘာ ကို ချိန်းခြောက် စိန်ခေါ်နေတယ်။ မွေးဖွား သန့်စင်လာတဲ့ ရင်သွေးလေးရှင်သန် အသက် ရှင်ရေး အတွက် မိဘဖြစ်သူတွေ အဓိကထားအာရုံစိုက်တဲ့အရာဟာ ကလေးငယ်လေးရဲ့ ကျန်းမာရေးပဲဖြစ်တယ်။ ကျန်းမာရေးဆိုတာ ဟာမွေးဖွားလာ တဲ့အချိန်ကစပြီး ဆံဖြူ၊ သွားကျိုး အိုမင်းရင့်ယော်တဲ့အချိန်အထိ လူ့ဘ၀သက်တမ်း တလျှောက်မှာ အာရုံပြု ထိမ်းသိမ်းစောင့်ရှောက် သွားရမယ့် အရာဖြစ်ပါတယ်။ ကျန်းမာမှ ပညာသင်နိုင်မယ်။ ကျန်းမာမှ အလုပ်လုပ် နိုင်မယ်ဆိုတာလူတွေရဲ့ အခြေခံတွေးခေါ်ချက်တွေပါ။ ကျန်း မာသန်စွမ်းတဲ့ လူဘောင် လူ့အဖွဲ့ အစည်းဖြစ်လာဖို့ နိုင်ငံတော်က ဆရာဝန်တွေ၊ သူနာပြုတွေကို နှစ်စဉ် အရေအတွက်များ စွာ မွေးထုတ် ပေးနေပါတယ်။ တိုးတက်လာတဲ့ လူဦးရေနဲ့အညီ ကျန်းမာရေးပြုစု စောင့်ရှောက်မှု တွေကိုပြည့်မှီအောင် ရည်ရွယ်ကြပါတယ်။ ဒါပေမယ့် ကွက်လပ်ဖြည့် စရာ တွေတော့ အများကြီးရှိနေပါသေးတယ်။ အထူး သဖြင့် ကျေးလက် တောရွာဒေသတွေ မှာ နေထိုင်ကြတဲ့ ဒေသ ခံတိုင်းရင်းသားတွေရဲ့ ကျန်းမာရေးပြုစု စောင့်ရှောက်မှု တွေမှာလိုအပ်ချက်တွေ အများကြီးရှိ နေပါ သေး တယ်။ လိုအပ်နေသေးတဲ့ ကျန်းမာရေး အသိပညာဖွင့်ခြင်း တွေကို ဘယ်သူတွေတာဝန်ယူ လုပ်ဆောင်ကြ မှာလဲ။ လိုအပ်နေသေးတဲ့ ရောဂါ ကာကွယ်မှု၊ ကိုင်တွယ် ကုသမှု တွေကို ဘယ်သူတွေ တာဝန်ယူကြမှာလဲ။ အဲဒီအခန်းကဏ္ဍတွေမှာ ကျွန်ုပ်တို့ ခရစ်ယာန်သာသနာ တော်များတွေဟာ ဘယ်လို ပူးပေါင်းပါဝင် ဆောင် ရွက်ကြမလဲ။

 စားဝတ်နေရေး
 ခရစ်တော်ရှင်ကြွလာခြင်းဟာ ကျွန်ုပ်တို့တစ်ဦးစီရဲ့ ပြည့်ဝသောအသက်တာ (Fllness of Life) ကိုဖော် ဆောင် ဖို့အတွက်ဖြစ်ပါတယ်။ လောကမှချို့တဲ့ဆင်းရဲမွဲတေ စွာနေထိုင်ပြီး ကောင်ကင်မှာ ပြည့်ဝ စုံလင်မှု ကိုရှာဖွေမယ် ဆိုတဲ့တွေးခေါ်ယူဆချက်တွေ ကျွန်ုပ်တို့ခရစ်ယာန်အသိုင်းအ၀ိုင်းကြားမှာ ရှိနေတုန်းပဲ သလား။ (Eternal Life) ထာဝအသက်ကိုပဲ ဦးတည်ပြီး (Abundant Life ) ပြည့်ဝသော အသက်တာကို ကျွန်ုပ်တို့တော်တော်များများ အဓိပါယ် ဖွင့်တွေလွဲချော်ချင်ကြတယ်။ ချမ်းသာ ကြွယ်ဝခြင်း ကိုခရစ်ယာန် တွေရဲ့ရန်သူလိုလိုဟောပြောဖွင့်ဆိုခဲ့ကြတယ်။ဆင်းရဲမွဲတေတာပဲကောင်းကြီးခံရသလိုလိုနဲ့။ကယ်တင်ခြင်းဆိုတာ ကျွန်ုပ်တို့ ၀ိညာဉ်ရော၊ ကိုယ် ခနာပါ (whole person) တစ်တွဲ ထဲဖြစ်ပါတယ်။ ၀ိညာဉ်ပဲ စံရမှာဖြစ်ပြီ ခနာကိုယ်တော့ခံ ရမှာမျိုးမယူဆတော့ပါဘူး။ ဒါ့ကြောင့် ကျွန်ုပ် နေထိုင်ရာသက်တာအတွင်း လူနေမှုဘ၀၊ စားဝတ်နေရေး ဖူလုံအောင်ကြိုးစား ဆောင်ရွက်ခြင်းဟာ မဖြစ်မနေကြိုးစားရမယ့် တာဝန်ကြီး တစ်ခုပါပဲ။ ရရှိတဲ့အသက်တာဟာ ဘုရားပေးတဲ့လက်ဆောင်ပါ၊ ဒီအသက်တာနဲ့ ကျွန်ုပ်တို့ကြိုးစား လုပ်ကိုင်ဆောင်ရွက်ခြင်းဟာ ဘုရားကို ကျွန်ုပ်တို့ပြန်လည် ပေးတဲ့ လက်ဆောင်ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေရှာဖွေဖော်ထုတ်ခြင်း၊ မိသားစုတစ်စုခြင်း ၀င်ငွေတိုး အောင်နည်း လမ်းချမှတ်ခြင်း၊ မိသားစု တွင်းဝင်ငွေထွက်ငွေစနစ် တစ်ကျဖြစ်အောင် သွန်သင်ခြင်း၊ စသည့်ဖြင့်နေထိုင်ရာဝန်းကျင်လူသားများ တွေရဲ့ လူနေမှုဘ၀ဖူလုံရေး၊ မြှင့်တင်ရေးဟာလည်း ခရစ်ယာန်သာသနာတော်များအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေး မှာပူးပေါင်း ပါဝင် ဆောင်ရွက်ရမယ့်ကဏ္ဍ တစ်ခုလို မြင်မိပါတယ်။

 လူမှုဘ၀ကာကွယ်မြှင့်တင်ခြင်း 
လူ့ဂုဏ်သိကခာနဲ့အညီ လူသားတိုင်းနေထိုင် အသက်ရှင်နိုင်ရေးဟာ အရေးကြီးလှပါတယ်။ ခရစ်ယာန်သာသနာတော် များတွေဟာ လူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်သူ များဖြစ်ဖို့ လိုအပ် နေပါပြီ။ အထူးသဖြင့်ကမ္ဘာ့ ကုလသမဂကချမှတ်တဲ့ လူ့ အခွင့်အရေးကြေညာ စာတမ်းတွေ၊ ကာကွယ် စောင့်ရှောက်ရမယ့် ကလေးသူငယ်အခွင့်အရေးတွေ၊ လူဂုဏ်သိကခာထိမ်းသိမ်း ကာကွယ်မှု တွေဟာ လည်း ခရစ်ယာန် သာသနာတော်များ အနေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ် တွေပဲဖြစ်ပါတယ်။ လူသား အချင်းချင်း ယိုင်းပင်းကူညီခြင်း၊ စာနာစိတ်တရားထားရှိခြင်း၊ တရားမျှတခြင်း၊ လေးစားရိုသေခြင်း တွေဟာ ဧ၀ံဂေလိသတင်းကောင်းရဲ့သွန်သင်ချက်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် နေထိုင်ရာ ဒေသ အသီးသီးရဲ့ ကောင်းမြတ်တဲ့ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာတို့ကို ရှာဖွေဖော် ထုတ်မြှင့် တင်ခြင်းဟာလည်း ဧ၀ံဂေလိတရားတော်ရဲ့ အပိုင်းကဏ္ဍတစ်ခုဖြစ်သလို လူ့ဘောင် လူ့အဖွဲ့အစည်းရဲ့ အလှအပ နဲ့တန်ဖိုး ကိုဖော်ထုတ်မြှင့်တင်ခြင်းလည်းဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ချင်းအသင်းတော် တော်တော် များများ ဟာ ဒေသခံဘာသာစကားနဲ့ ယဉ်ကျေးမှုကို ထိမ်းသိမ်းမြှင့်တင်ခြင်းမှာ ဂုဏ်ပြုထိုက် သူများ ဖြစ်ကြပါတယ်။ ဒီအစဉ်အလာကောင်း၊ အလေ့အကျင့်ကောင်းတွေကို ဆက်လက်ထိမ်းသိမ်းပြီး ပိုမိုတိုးတက် ဆောင် ရွက်ခြင်း ဖြင့်နိုင်ငံတော် သစ် တည်ဆောက်ရေးမှာ ကျွန်ုပ်တို့ ခရစ်ယာန်အသင်းတော်များ ရဲ့ အခန်း ကဏ္ဍ တွေ ဟာပိုမို ထင်ရှား လာမှာပဲဖြစ်ပါတယ်။

 သဘာ၀၀န်းကျင်ထိမ်သိမ်းကာကွယ်စောင့်ရှောက်ရေး
 ကျွန်ုပ်နေထိုင်ရာကမ္ဘာကြီးဟာ ဖန်ဆင်းရှင်ရဲ့လက်ရာပါဆိုပြီး ကျွန်ုပ်တို့ယုံကြည်ဝန်ခံကြပါတယ်။ ဖန်ဆင်း ရှင်ကို ချစ်ရင်သူ့ရဲ့လက်ရာကိုလည်းမြတ်နိုးကြရပါမယ်။ ခေတ်သစ်ကမ္ဘာ ကိုချိန်းခြောက်နေတာက ရာသီဥ တုဖောက်ပြန်မှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုလို့ သိပံပညာရှင်တွေ သတိပေးနေတယ်။ ယင်းတို့ရဲ့ အကျိုး ဆက် တွေ ကြောင့်ပဲ သဘာဝဘေးအန္တရယ်တွေဟာ ကျွန်ုပ်တို့ တံခါးကို အချိန်အခါ မဟုတ်လာ ခေါက်နေတယ်။ သဘာဝဘေးအန္တရယ်တစ်ချို့ဟာ ကြိုတင် ခန့်မှန်းလို့မရနိုင်သလို၊ မကျရောက်ပါနဲ့လို့၊ တားဆီး လို့လည်းမရနိုင်ပါဘူး။ ဒါပေမယ့် ကျရောက်နိုင်တဲ့အန္တရယ်ကို ဘယ်လိုလျှော့ချရမလဲဆိုတာ တော့ နည်းလမ်းတွေရှိလာတယ်။ Disaster Risk Reduction လို့ခေါ်တဲ့ နည်းလမ်းသစ်တွေနဲ့ NGO တော်တော်များများက ကြိုးစားနေကြပါပြီ၊ စက်မှုနိုင်ငံကြီးတွေရဲ့ အကန့်အသတ်မဲ့ ကုန်ထုတ်လုပ်မှု တွေက နေထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ တာဝန်မဲ့တဲ့ တောမီး လောင်ကျွမ်းမှုတွေ၊ သဘာ၀၀န်း ကျင်ထိမ်းသိမ်းစောင့်ရှောက်မှုအတွက် ပေါ့လျော့မှု၊ ပျက်ကွက်မှုတွေ အားလုံးဟာ ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္တာကြီးရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ အလှအပကို ချိန်းခြောက်နေပါတယ်။ အဲဒီအခန်းကဏ္ဍတွေမှာ ကျွန်ုပ်တို့ခရစ်ယာန်သာသနာတော် များတွေအနေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင် မလဲဆိုတဲ့ နည်း လမ်းကောင်း တွေကိုရှာဖွေဖော်ထုတ် အကောင်အထည် ဖော်ဖို့ လိုအပ်နေပါပြီ။

 နိဂုံး 

အထက်ဖော်ပြပါ အချက်အလက်တွေအားလုံးဟာ ဒီနေ့မြန်မာနိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ခရစ်ယာန်သာသနာတော်များအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့ကဏ္ဍတစ်ချို့သာဖြစ်ပါတယ်။ 

ဒီအထဲမှာ မဖော်ပြပဲ ဒါထက် ပိုမိုကျယ်ပြန့်တဲ့ကဏ္ဍတွေနဲ့ အနုစိပ်တဲ့ ကဏ္ဍတွေလည်းရှိ နေအုံးမှာဖြစ်ပါ တယ်။ အဓိကကတော့ ကျွန်ုပ်တို့တစ်ဦးနဲ့ကျွန်ုပ်အသင်းအဖွဲ့ တွေဟာ မိမိနေထိုင်ရာနိုင်ငံတော်ရဲ့ ဖွံ့ဖြိုး စည်ပင်၊ ငြိမ်းချမ်းသာယာရေးအတွက်လုပ်ဆောင်ဖို့ တာဝန်ကိုယ်စီရှိတယ်ဆိုတဲ့အချက်က ပို အရေးကြီး ပါတယ်။ အကောင်အထည် ဖော်လုပ်ဆောင်ခြင်းဆိုတဲ့နေ့ရာမှာတော့ အသင်းအဖွဲ့ တစ်ခုနဲ့တစ်ခု၊ ချည်းကပ်ပုံတွေ၊ လုပ်ငန်းစဉ်ကွာခြားချင်၊ ကွာခြားပေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံသားများဖြစ်ကြတဲ့ကျွန်ုပ်တို့ဟာ မိမိနေ ထိုင်ရာတိုင်းဒေသ၊ ပြည်နယ်တွေရဲ့ဖွံ့ဖြိုး စည်ပင်ရေး မှာ ရှေးယခင်က သာသနာပြုကြီးများနဲ့ ခရစ်ယာန်ဘာသာဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြသလို ယခု ခေတ်သစ်မှာလည်း ကျွန်ုပ်တို့အားလုံးဟာ စိတ်အား ထက်သန် စွာနဲ့တက်ညီလက်ညီ လုပ်ဆောင်ကြ ပါစို့ လို့ ဖိတ်ခေါ်လိုက်ပါတယ်။

 ဆွေးနွေးရန်။ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ခရစ်ယာန်သာသနာတော်များမှ လက်တွေ့ကျပြီးလုပ်နိုင်ကိုင်နိုင်သည့်လုပ်ငန်းစဉ်နှင့်စီမံကိန်းများဖြည့်စွက်ဖော်ပြပေးပါရန်။

 မှီငြမ်းကိုးကားသောစာအုပ်များ။ 

1. Creation in Christ, Bede Griffiths, London 1994, ISBN 0-232-52014-3, 

2. The Catholic Burmese Mission, Paul Ambroise Bigandet, Rangoon 1887, Bangkok, 1996: ISBN 974-89219-1-3

3. The Early Catholic Missionaries in Burma, Vivian Ba, Paris 1962 

4. Compendium of the Social Doctrine of the Church, Pontifical Concil for Justice and Peace, Libreria Editrice Vaticana, 2004, ISBN 88-209-7716-8

 ဖါသာရ်ဟင်နရီအိုင်ခလိဏ်/ ပုသိမ်ကက်သလစ်သာသနာ/

 ဧပြီ ၂၄၊ ၂၀၁၂ 


http://eikhlein.blogspot.sg/2012/06/blog-post.html